Thursday, September 10, 2015

အချိန်ကို မစောင့်ပါနဲ့......

  စောင့်တယ်ဆိုတာ ဝမ်းနည်းပူဆွေးခြင်းတစ်မျိုး၊ နောင်တတစ်မျိုးဖြစ်တယ်။


အဲဒီဝမ်းနည်းပူဆွေးခြင်းကို ဘာနဲ့မှ ကုသလို့မရပါဘူး။ ကုသလို့မရတဲ့ဘဝက အသစ်တဖန်ပြန်ဖြစ်လို့လည်းမရပါဘူး..
အကြောင်းက ဘဝမှာလည်း ဒိတ်လွန်နေ့စွဲတွေ ရှိလို့ပါပဲ။


(၁) မိဘကိုပြုစုစောင့်ရှောက်ဖို့ အချိန်ကိုမစောင့်ပါနဲ့...


လူတွေကပြောတယ်။ ငါချမ်းသာတဲ့တစ်နေ့ ငါ့မိဘတွေကို ပိုက်ဆံတွေပုံပေးပစ်မယ်။ ပိုက်ဆံပုံပေါ်ထိုင်ပြီးသူတို့ဝယ်ချင်
တာဝယ်၊ စားချင်တာ စားပါစေ။ ငါအချိန်ရှိတဲ့တစ်နေ့ ငါ့မိဘကိုခေါ်ပြီး ကမ္ဘာပတ်ပစ်မယ်။သူတို့အသက်ရှင်တုန်း တဝကြီး
ပေးပျော်လိုက်မယ်။


ပိုက်ဆံချမ်းသာမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘရဲ့သွားတွေက အစားဝါးနိုင်တော့မှာ မဟုတ်ပါဘူး။


အချိန်ရှိမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘတွေ လမ်းလျှောက်နိုင်တော့မှာ မဟုတ်ပါဘူး။ဟိုဟာဖြစ်၊ ဒီဟာဖြစ်ဖို့ အချိန်
ကိုစောင့်နေတဲ့ သားသမီးတွေကြောင့် ဒိတ်လွန်သွားတဲ့ မိဘတွေလည်းရှိကြပါတယ်။ တကယ်တော့ အဖေအမေကို
ဂရုစိုက်ဖို့ဆိုတာ မခက်ခဲပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်အချိန်လေးမှာ ဖုန်းလေးတစ်ချက်၊ နွေးထွေးတဲ့စကားလေး
တစ်ခွန်း၊ အပြုစုလေးတစ်ခုက သူတို့ရင်ကို ကြည်နူးမှုတွေနဲ့ ဆွတ်စိုစေနိုင်ပါတယ်။


ဖခင်များနေ့မှာ အဖေ့အတွက် ငါးတစ်ကောင်ဝယ်ပြီး သင်ကိုယ်တိုင်အရောက်သွားပေးကြည့်... အဖေက ပါးစပ်တောင်
မပိတ်နိုင်ဘဲ ပြုံးပျော်နေတာကို သင်တွေ့ရလိမ့်မယ်။ မိခင်များနေ့မှာ အမေ့အတွက် အနွေးထည်တစ်ထည်ဝယ်ပြီး
သင်ကိုယ်တိုင် အရောက်သွားဝတ်ပေးကြည့်... အမေရဲ့မျက်နှာလုံးထဲ ကြည်နူးရိပ်လေးတွေ တွဲခိုနေတာကို သင်တွေ့
ရလိမ့်မယ်။ မိဘတွေက အလွယ်တကူနဲ့ ရောင့်ရဲတင့်တိမ်တတ်သူတွေပါ။

ဒါပေမယ့် သူတို့ရဲ့မေတ္တာက အနှိုင်းမဲ့ခဲ့ပါတယ်။


"အိမ်ကို မကြာခဏပြန်ပါ"

ဒါဟာ ကျွန်တော်တို့အပေါ်ထားတဲ့ မိဘတွေရဲ့ နွေးထွေးတဲ့မျှော်လင့်ချက်ဖြစ်တယ်။ သူတို့ရဲ့ချစ်ခြင်းမေတ္တာက
ကျွန်တော်တို့ကို ဒီလိုလုပ်ဖို့ (အိမ်ကို မကြာမကြာပြန်ဖို့) မခက်ခဲစေခဲ့ပါဘူး။




(၂) မိဘမေတ္တာကို တန်ဖိုးထားပါ

သင့်မှာ ဂရုစိုက်၊ ပြုစုရမယ့်မိဘတွေရှိသေးလို့ သင်ကံကောင်းနေပါသေးတယ်။ ဒါကို သင်တန်ဖိုးထားတတ်ခဲ့ပြီလား?
မိဘတွေက တဖြည်းဖြည်း အိုမင်းလာခဲ့ပြီ... နွေ၊ မိုး၊ ဆောင်း ဥတုဘယ်နှခုကို သူတို့ဖြတ်ကျော်နိုင်ဦးမလဲ? ကိုယ့်ရဲ့
ရှေ့ဆက်ရက်တွေကို ဝမ်းနည်းပူဆွေးနောင်တတွေ မကျန်ခဲ့ပါစေနဲ့။



"တိုင်းပြည်အတွက် သစ္စာရှိနိုင်သမျှရှိပါ။ အိမ်အတွက် ဂရုစိုက်နိုင်သမျှ ဂရုစိုက်ပါ"


"မိဘကိုဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့" တဲ့။


ဂရုစိုက်ပြုစုတယ်ဆိုတာ ပိုက်ဆံပုံပေးတိုင်း ရနိုင်တာမဟုတ်ပါဘူး။
မိဘအိုမင်းသွားပြီ... ပိုက်ဆံတွေပေးတော့
သူတို့ဘာလုပ်နိုင်မှာမို့လဲ? သူတို့ သိပ်မစားနိုင်တော့ဘူး၊ သူတို့ မဝတ်နိုင်တော့ဘူး။ ဒီလိုအချိန်မျိုးမှာ မိဘကို ဆပ်စရာ
အကြွေးတွေ ဆပ်နေတယ်လို့ ပိုမထင်မြင်စေချင်ပါဘူး။


တကယ်တော့...
သူတို့လိုအပ်နေတာက သားသမီးတွေနဲ့ နွေးနွေးထွေးထွေး နေရဖို့ပါ။

သူတို့လိုအပ်နေတာက နှေးကွေးတဲ့ခန္ဓာကိုယ်အတွက် ဖေးမတဲ့လက်တစ်စုံကိုပါ။

သူတို့လိုအပ်နေတာက ဆာလောင်တုန်း ခွံကျွေးတဲ့ထမင်းတစ်လုပ်နဲ့ ရေတစ်ပေါက်ကိုပါ။

သူတို့လိုအပ်နေတာက အဖော်မဲ့အထီးကျန်ချိန် အဖော်ပြုမယ့်သူတစ်ယောက်ကိုပါ။

အဝေးကို ရောက်နေတဲ့ သားသမီးတွေ တစ်လတစ်ခါ၊ တစ်နှစ်တစ်ခါ.... သူတို့နဲ့ ပေါင်းစည်းတွေ့ဆုံဖို့၊ ဖျားနာတဲ့
အခါ ဂရုစိုက်နွေးထွေးတဲ့စကားကို အထပ်ထပ်အခါခါ ပြောဖို့... ဒါတွေဟာ သူတို့ရင်ထဲက လိုအင်တောင့်တမှုတွေပါ။




(၃) မိဘကိုကျေးဇူးတင်ဖို့ အချိန်ကိုမစောင့်နဲ့...

"ကျေးဇူးတင်တယ်" ဆိုတဲ့စကားလုံးကို ကျွန်တော်တို့ရေးတတ်ပေမယ့် သူထဲကပါဝင်တဲ့ တကယ့်အဓိပ္ပာယ်ကို
ကျွန်တော်တို့မသိခဲ့ကြဘူး။ အမေ့ဝမ်းဗိုက်ထဲကနေ ကျွန်တော်တို့လွတ်မြောက်လာတဲ့ တခဏ ကျွန်တော်တို့ရဲ့ဘဝက
မိဘတို့ရဲ့မေတ္တာ၊ မိဘတို့ရဲ့ကောင်းချီးမင်္ဂလာထဲ ဝကွက်အပ်လိုက်ပြီဖြစ်တယ်။ ကျွန်တော်တို့ကို သူတို့ရဲ့ချစ်ခြင်း
ကောင်းကင်ကြီးနဲ့ ကာမိုးလိုက်ပြီဖြစ်တယ်။ သူတို့က ကျွန်တော်တို့ကို ချမ်းသာကြွယ်ဝတဲ့ဘဝ ပေးချင်မှပေးနိုင်လိမ့်
မယ်။ ဒါပေမယ့် သူတို့ပေးလိုက်တာက လူတစ်ယောက်ရဲ့ဘဝအတွက် အစားထိုးလို့မရတဲ့ ရှင်သန်ခြင်းတွေဖြစ်တယ်။



မပြောပလောက်တဲ့ အရာလေးနဲ့တင် မိဘကို ပျော်ရွှင်ကြည်နူးသွားအောင် လုပ်နိုင်တာဟာလည်း မိဘကျေးဇူးဆပ်တာ
ပါပဲ။ အခုထိ ကျွန်တော့်အရိုးစွဲမှတ်မိနေတဲ့ ကြော်ငြာလေးတစ်ခုရှိတယ်။ အဲဒီကြော်ငြာမှာ ကောင်လေးတစ်ယောက်က
ရေဇလုံတစ်ခုကို မနိုင်မနင်းမ,ပြီး အမေ့ရှေ့မှာ ချလိုက်တယ်။ ပြီးတော့ အပြစ်ကင်းတဲ့ပုံစံနဲ့ "မေမေ... ခြေထောက်ဆေး
ရအောင်!"လို့ သူပြောတယ်။



ဒီကြော်ငြာက ဒီကနေ့အထိ
လူကြိုက်များလို့ လွှင့်ထုတ်နေတုန်းပဲ။ လူကြိုက်များရတဲ့အကြောင်းက သရုပ်ဆောင်တွေ
နာမည်ကြီးလို့မဟုတ်ပါဘူး။ အဲဒီမေတ္တာသံယောဇဉ်က လူတွေရဲ့ရင်ကို ကိုင်လှုပ်နိုင်ခဲ့လို့ဖြစ်တယ်။ ဒီကြော်ငြာကိုကြည့်
ပြီးလူတွေမျက်ရည်ကျခဲ့ကြတယ်။ ကောင်လေးအတွက်သာမက ကောင်လေးရင်ထဲကလာတဲ့ နက်ရှိုင်းတဲ့မေတ္တာနဲ့
ကျေးဇူးသိတတ်မှုကြောင့်ဖြစ်တယ်။ ဒီလိုကိစ္စမျိုးကို လူတိုင်းလုပ်နိုင်ကြပါတယ်။ ဒါပေမယ့် လူတိုင်း မလုပ်နိုင်ခဲ့ကြဘူး။
"သင်တို့ရဲ့ကျေးဇူး ဘယ်မှာလဲ?"လို့ ကျွန်တော်စမ်းမေးကြည့်ချင်ပါတယ်



စိတ်ပညာမှာ အနက်တစ်ခုဖွင့်ဆိုခဲ့ပါတယ်။ ယခုခေတ်လူတွေရဲ့ ပြောဆိုဆက်ဆံမှုတွေမှာ အပြုအမူတစ်မျိုးရှိတယ်။
အဲဒီအပြုအမူက "ချစ်ခြင်းမပါတဲ့ အပြုအမူ" ဖြစ်တယ်။ ချစ်ခြင်းကိုခုတုံးလုပ်ပြီး ကိုယ့်အရင်းနှီးဆုံးလူတွေဆီကနေ
ကိုယ်ရလိုချင်တဲ့အရာကို အဓမ္မရယူတာဖြစ်တယ်။ ချစ်ခြင်းကို ဘန်းပြပြီး ကိုယ့်ရည်ရွယ်ချက်
ပြီးမြောက်စေတာဖြစ်တယ်။



ကျေးဇူးတင်တယ်၊ ကျေးဇူးဆပ်တယ်ဆိုတာကတော့ ရင်ထဲကနေ လာသင့်တဲ့အရာဖြစ်တယ်။ စကားပုံတစ်ခုက
"ရေတစ်စက်မျှသောကျေးဇူးကို စမ်းချောင်းတစ်ခုလုံးနဲ့ ဆပ်သင့်တယ်"တဲ့။ ကိုယ့်အတွက် မိဘတွေ၊ မိသားစုတွေပေး
ဆပ်ခဲ့တာ "ရေတစ်စက်"မဟုတ်ပါဘူး။ သမုဒ္ဒရာကြီးတစ်စင်း ဖြစ်ပါတယ်။



မိဘတွေ ပင်ပန်းမောပန်းချိန် ရေတစ်ခွက် သင်ပေးကမ်းခဲ့ဖူးသလား?

မိဘတွေ နွမ်းလျအားလျော့ချိန် နှစ်သိမ့်စကားတစ်ခွန်း သင်ပြောခဲ့ဖူးသလား?

မိဘတို့ရဲ့ အိမ်ခန်းကို သင်လှဲကျင်းပေးပေးခဲ့ဖူးသလား?

ကျွန်တော်တို့အတွက် သွေး၊ ချွေး၊ အင်အားတွေ သူတို့သွန်းလောင်းချိန်မှာ သူတို့ရဲ့မောပန်းနွမ်းနယ်မှုကို ကျွန်တော်
တို့ ခံစားခဲ့မိဖူးလား?

တစ်နေ့ထက်တစ်နေ့ ငွေရောင်သမ်းလာတဲ့ ဆံနွယ်တွေ၊ တစတစ နက်ရှိုင်းလာတဲ့ ပါးပြင်ပေါ်က အရေးအကြောင်း
တွေကို ကျွန်တော်တို့ သတိထားခဲ့မိသလား?


မိဘကို ဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့။ မိဘကို ကျေးဇူးတင်တယ်ဆိုရင်လဲ ရင်ထဲ၊ အသဲထဲကနေ လှိုက်လှိုက်
လှဲလှဲ ပေးဆပ်ပါ။ အချိန်လွန်မှာ ယူကြုံးမရတဲ့ ပူဆွေးနောင်တတွေနဲ့ ကိုယ့်ကိုမချုပ်နှောင်ပါစေနဲ့....

 မူရင်း--- http://www.duwenzhang.com/wenzhang/qinqingwenzhang/ganwuqinqing/200...

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Google Search မှာ ပိုမိုပြည့်စုံအောင် ရှာချင်ရင်..

ဒီတစ်ခါတော့ ကျနော်တို့ အများဆုံးအသုံးပြုနေတဲ့ Google Search Engine မှာ ကျနော်တို့ ရှာချင်တဲ့ အကြောင်းအရာတွေ ပိုမိုပြည့်စုံစွာ ဖော်ပြနိုင်ဖို့အတွက် နည်းလမ်းလေး တစ်ခု မျှဝေချင်ပါတယ်။ သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တော်တော်အသုံးဝင်တာ တွေ့ ရပါတယ်။ စမ်းကြည့်လိုက်ပါအုံးခင်ဗျာ။ ပထမဆုံး ကိုယ်ရှာချင်တဲ့ စာလုံးတွေကို ရိုက်ထည့်ပြီး Enter ပေးလိုက်ပါတယ်။ ဆိုပါတော့ .. အောက်က ပုံထဲကလို.. latest Myanmar News ဆိုပြီး ရိုက်ထည့်လိုက်ရင်.. News Links တွေတော့ အများကြီးတွေ့ရမှာပဲ။ ဒါပေမယ့်လို့ အဲဒီထက်ပြည့်စုံအောင်... ကိုယ်ရှာလိုက်တဲ့ အကြောင်းအရာကို ဖော်ပြပေးနိုင်အောင် ဆိုရင်တော့ ကိုယ်ရှာလိုက်တဲ့ link ရဲ့ နောက်ဆုံးမှာ =&as_qdr=d စာသားလေး ထည့်ပေးလိုက်ပါ။ ပိုရှင်းအောင် အောက်က ပုံလေးကို ကြည့်လိုက်ပါအုံး...

ဒီပုံထဲကအတိုင်း အပြာရောင်နဲ့ ပြထားတဲ့နေရာမှာ =&as_qdr=d ဆိုတဲ့ word လေးထည့်ပေးလိုက်ပါ။

သဘောပေါက်ကြမှာပါ။ အခုလိုရှင်းပြရတာက မသိသေးတဲ့ သူများအတွက် ဖြစ်ပါတယ်။ သိပြီးသားသူများအတွက် ကလေးကလားဆန်နေပါလိမ့်မယ်။
ဒီပုံကတော့ ပုံမှတ်အတိုင်း ရှာထားတဲ့ result ပါ။
ဒီပုံကတော့ အထက်ပါ စာလေး ထည့်ပြီး ပြန်ရှာလိုက်တဲ့ result ပဲ ဖြစ်ပါတယ်။
 

တစ်ညကို ငါးနာရီအိပ်ရုံနဲ့တင် အဆင်ပြေနည်း

လွန်ခဲ့တဲ့  နှစ်အနည်းငယ်ကစပြီး ကျနော်ဟာ တစ်နေ့ကို လေးငါးနာရီလောက်ပဲအိပ်ရုံနဲ့ အဆင်ပြေလာပါတယ်။ ဒါဟာ တော်တော်ထူးခြားတယ်ဆိုတာကို ကျနော့်ရဲ့ မိတ်ဆွေတစ်ချို့နဲ့ စကားပြောမကြည့်မီအထိ မသိသေးပါဘူး။ သူတို့အတော်များများက ဒီလိုပြောကြတယ်။ ” အိုး … ကျနော်ကတော့ တစ်နေ့ကို ၈ နာရီလောက် အိပ်မှဖြစ်တာဗျ ” ။ အဲဒီတော့ ကျနော်စဉ်းစားမိတယ်။ ဒီ ၈ နာရီအိပ်မှ လုံလောက်တယ်ဆိုတဲ့ ဒဏ္ဍာရီဟာ ဘယ်ကနေ ဆင်းသက်လာတာပါလိမ့်လို့။ ကျနော် ရှာဖွေလေ့လာမှုတွေ လုပ်ရပါတော့တယ်။ အဲဒီမှာ သိပ္ပံနည်းကျ တွေ့ရှိချက်တွေကို ကျနော် တွေ့ရပါတယ်။ သိပ္ပံပညာရှင်တွေပြောတာက ဘာလဲဆိုတော့ အသက်အရွယ်၊ လိင် နဲ့ အလုပ်လုပ်မှုပုံစံတွေပေါ်မူတည်ပြီး လူတွေဟာ တစ်နေ့ကို ၇ နာရီကနေ ၉ နာရီအထိ အိပ်ချိန်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါဆို ကျနော်ကျတော့ ဘာကြောင့် တစ်ညကို လေးငါးနာရီပဲ အိပ်ဖို့လိုအပ်ပြီး ကျနော့် ဇနီးနဲ့ ကျနော့်ရဲ့ မိတ်ဆွေတွေကတော့ ၈နာရီအိပ်ဖို့ လိုအပ်တာလဲ ?

ကျနော် လက်တွေ့စမ်းသပ်မှုနည်းနည်းလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်ညကို ၈နာရီအိပ်ဖို့ ရက်သတ္တပတ် သုံးလေးပတ်လောက် ကျနော် ခက်ခက်ခဲခဲ ကြိုးစားရပါတယ်။

ကျနော့်ရဲ့ ရလာဒ်တွေက ထူးဆန်းပါတယ်။ အစပိုင်း ရက်တွေမှာ ကျနော် မနက် ၄နာရီခွဲ ၅နာရီလောက်ဆို နိုးပြီ။ ကျနော့်ကိုယ်ကျနော် အိပ်ရာထဲ အတင်းပြန်လှဲခိုင်းပြီး အိပ်ပျော်အောင် ကြိုးစားရတယ်။ အိပ်ဆေးတွေဘာတွေ သောက်ရတယ်။

၅ ရက်မြောက်နေ့မှာတော့ ကျနော်ဟာ ၇နာရီလောက်ကြာအောင် အိပ်လို့ရသွားပြီ။ ဒါပေမဲ့ ကျနော် နိုးလာတဲ့အချိန်မှာရော ကျန်တဲ့တစ်နေ့တာလုံးမှာပါ လူက မူးနောက်နောက်ဖြစ်နေပါတယ်။ ပြီးတော့ အလုပ်တွေလည်း ကပျာကယာနဲ့ အလျင်မီအောင် လုပ်ရတယ်။

နောက်ဆုံး ရက်သတ္တပတ်မှာတော့ ကျနော် အကျင့်ရလာပါပြီ။ ၇ နာရီ ၇ နာရီခွဲလောက်ကြာအောင် အိပ်တတ်လာပါတယ်။ မူးနောက်နောက်ဖြစ်တာတွေလည်း နည်းသွားပါတယ်။ ပြီးတော့ အလုပ်တွေကိုလည်း သွက်သွက်လက်လက် လုပ်နိုင်လာပါတယ်။

ပြီးခဲ့တဲ့ လေးငါးရက်အတွင်းက ကျနော် ပုံမှန်ပြန်ဖြစ်အောင် လုပ်ပါတယ်။ ညသန်းခေါင် အိပ်ရာဝင်ပြီး မနက် ၅နာရီမှာ ထပါတယ်။ အဲဒီမှာ အိပ်ချိန်ပုံစံက ကမောက်ကမဖြစ်သွားပြီး ကျနော် ပြန်ပြီး မူးနောက်နောက်ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒီနေ့ မနက်မှာတော့ ငါးနာရီအိပ်ပြီး အိပ်ရာအထမှာ လန်းလန်းဆန်းဆန်း ဖြစ်နေပါပြီ။

ဒါက ဘာကိုပြသလဲဆိုတော့ ကျနော်တို့ဟာ တစ်ခုခုကို ကျင့်သားရသွားရင် အဆင်ပြေလာတယ်ဆိုတာပါပဲ။ ကျနော်တို့ဟာ အိပ်စက်ခြင်းမှာ အလေ့အကျင့်တစ်ခုလုပ်လိုက်ရင် ကျန်တာတွေက သူ့အလိုလိုဖြစ်လာပါလိမ့်မယ်။ ကျနော့်ရဲ့ အလေ့အထက ငါးနာရီအိပ်ခြင်းဖြစ်ပါတယ်။ ဒီတော့ ကျနော့်ရဲ့ အိပ်စက်ခြင်းယန္တရားက ငါးနာရီအိပ်ချိန်နဲ့ အံဝင်ခွင်ကျဖြစ်အောင် သူ့အလိုလို လုပ်ဆောင်သွားပါတယ်။

ကျနော်တို့ရဲ့ ခန္ဓာကိုယ်ဟာ အနားယူဖို့လိုအပ်တယ်ဆိုတာ အသေအချာပါပဲ။ ကျနော်တို့ဟာ အိပ်ဖို့လိုအပ်တယ်။ ကျနော်တို့ရဲ့ အိပ်စက်ခြင်းယန္တရား၊ REM (Repid Eye Movement) အချိန်၊ ပြီးတော့ ဒယ်လ်တာ၊ အယ်လ်ဖာ၊ သီတာ အိပ်စက်ခြင်းတွေ၊ အဲဒါတွေက ကျနော်တို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်စက်ခြင်းယန္တရားကြီးဟာ ကျနော်တို့ရဲ့ အိပ်စက်ခြင်းအလေ့အကျင့်နဲ့ အံဝင်ခွင်ကျဖြစ်အောင် သူ့အလိုလို လုပ်ဆောင်ပါတယ်။

အောက်ကနည်းလမ်းတွေကတော့  တစ်ညကို ၅နာရီအိပ်ရုံနဲ့တင် အဆင်ပြေစေဖို့ နည်းလမ်းတွေ ဖြစ်ပါတယ်။

၁။ သင့်ရဲ့ အိပ်စက်ခြင်းယန္တရားကို သိပါ။ အကြမ်းအားဖြင့် သင်ဘယ်အချိန်မှာ အိပ်ရာဝင်တယ်၊ ဘယ်အချိန်မှာ နိုးတတ်တယ်ဆိုတာ သင်သိပြီးသားပါ။ သင် တစ်ညကို ဘယ်နှနာရီလောက် အိပ်တယ်ဆိုတာ တွက်ကြည့်ပါ။
၂။ ပြီးတော့ သင် နှစ်သက်တဲ့ ၊သင်လိုချင်တဲ့ အိပ်ချိန်ကို ဆုံးဖြတ်ပါ။ ဥပမာ- ငါးနာရီအိပ်ရုံနဲ့တင် လုံလောက်ချင်တာလား၊ ဒါမှမဟုတ် ၆နာရီလား ။
၃။ အိပ်စက်မှုပုံစံအသစ်အတွက် ရက်သတ္တပတ် ၄ ပတ် လိုပါမယ်။ ဥပမာ- သင်ဟာ အခုလောလောဆယ်မှာ ၈ နာရီအိပ်မှ လုံလောက်သူတစ်ယောက်ဆိုပါစို့။ သင်က ၅ နာရီပဲအိပ်ချင်တယ်။ ဒါဆို သင့်ရဲ့ အိပ်စက်မှုပုံစံအသစ်က ဒီလိုမျိုးပေါ့။

ရက်သတ္တပတ် ၁ – တစ်ညကို ၇နာရီ ၁၅မိနစ် အိပ်ပါ။
ရက်သတ္တပတ် ၂ – တစ်ညကို ၆နာရီ ၃၀မိနစ် အိပ်ပါ။
ရက်သတ္တပတ် ၃ – တစ်ညကို ၅နာရီ ၄၅မိနစ် အိပ်ပါ။
ရက်သတ္တပတ် ၄ – တစ်ညကို ၅နာရီ အိပ်ပါ။

ဒီလိုမျိုး ရက်သတ္တပတ်တွေ ခွဲခြမ်းလိုက်ခြင်းက သင့်ရဲ့ ခန္ဓာကိုယ်ကို မထိခိုက်စေပါဘူး။ တစ်နေ့လုံး မူးနောက်နောက်ဖြစ်တာမျိုးတွေလည်း မရှိစေပါဘူး။ ပြီးတော့ ရက်သတ္တပတ်တစ်ပတ်ကို နာရီပေါင်း ၁၅နာရီကနေ  ၂၅နာရီိ အပိုထွက်လာပါမယ်။

အခု သင်စိုးရိမ်ရမှာက အဲဒီ အပိုထွက်လာတဲ့ နာရီတွေမှာ သင် ဘာတွေလုပ်မလဲဆိုတာပါပဲ ။

Ref: How to get by on 5 hours of sleep a night by Steven Aitchison

Credit : http://yourlifesuccess.blog.com

Marketing Plan ဘယ်လိုရေးမလဲ

Marketing Plan တစ်ခု ရေးတော့မယ် ဆိုရင် ကျမ လေ့လာ ၊ သင်ယူ မိသလောက် ဖတ်မိသလောက် ဘာတွေ မဖြစ်မနေပါမလဲ ဆိုတော့
1)Executive Summary
2)Situational Analysis
3)Objectives
4)Strategy
5)Tactics
6)Action Plan နဲ့
7)Control တို့ ဖြစ်ပါတယ် ။ အဲ့ဒီမှာ နံပါတ် 1) ကို ခဏထားခဲ့ပြီး ကျမ နံပါတ် 2) Situational Analysis ကို အရင်ဆွေးနွေးပါမယ်။ ရှင်းအောင်ပြောရမယ်ဆိုရင် ဈေးကွက်ထဲမှာ ကိုယ်က ဘယ်နေရာရောက်နေလဲ ဆိုတာပါ ။ကိုယ်က ဈေးကွက်ထဲမှာ ရှိပြီးသား brand လား ၊ကိုယ့်ပစ္စည်း က ဈေးကွက်ထဲကို ခုမှ ၀င်မှာလား အခြေ အနေအားလုံးခြုံငုံ သုံးသပ်ရမယ် ပေါ့ ။အဲ့ဒီမှာ Marketing Audit အနေနဲ့ Macro နဲ့ Micro လုပ်ပါမယ် ။Market, Product, Competitors, Distributors, PESTLE Analysis တို့လုပ်ပါမယ်။လက်ရှိ Market အနေအထားက Market ထဲမှာ ကိုယ်ရောင်းမယ့် /ထုတ်မယ့် ပစ္စည်းက ဘယ်သူတွေ ၀ယ်နေတာလဲ ။ ဘယ်က လူတွေ ၀ယ်တာလဲ ။ ဘယ်လို လူမျိုးတွေက ၀ယ်နေတာလဲ ။Marketထဲမှာအနေအထားက ချောင်နေလား ။ ကျပ်နေလား စသည်ဖြင့်ပေါ့။ပြီးတော့ Product Review ရေးရပါမယ် ။ ကိုယ့်ဆီမှာအခုလက်ရှိ Product ဘယ်နှစ်မျိုး ရှိတယ် ။ဘယ်လိုSize တွေ ဘယ်နှစ်မျိုး ထားပြီး ဈေးနှုန်းတွေ ဘယ်လောက် ရှိတယ် ဆိုတာ ပြောရပါမယ် ။ရောင်းအားတွေက ဘယ်နယ်မှာတော့ ဘယ်လောက်ရှိ ပြီး Product Line ထဲမှာ ဘယ် Product ကတော့ Margin ဘယ်လောက် မြတ်နေတယ် ။ဘယ်ဟာကတော့ ရှုံးနေတယ် ဆိုတာမျိုးတွေ ရေးပါမယ်။Competitor Analysis အနေနဲ့ ကိုယ့်ရဲ့ အဓိက ပြိုင်ဘက်က ဈေးကွက်ထဲမှာ ဘယ်နေရာရောက်နေပြီး သူတို့ ဘယ်ဗျူဟာ နဲ့ သွားနေတယ် ။ သူတို့ Product ရဲ့ အရည်အသွေးက ဘယ်လို ရှိပြီး ဈေးနှုန်းဘယ်လောက်နဲ့ ဘယ်Channelကို ဖြန့်နေတယ် ။ Promotion ဘယ်လိုပေးနေပြီး ကြော်ငြာကတော့ ဘာတွေ လုပ်နေတယ် ဆိုတာမျိုးတွေကို တင်ပြရပါမယ်။Distribution ကတော့ ဘယ်နယ်တွေကို ဘယ်လိုဖြန့်လဲ ။ဘယ်Channel မှာ ဖြန့်ချိရေး က ဘယ်လိုသွားနေလဲ ။Wholesale ၊ Retail ၊ Modern Trade စသည့်ဖြင့် ဘယ်လို ဖြန့်ထားလဲ ။ဘယ်မြို့နယ်က ဘယ်Product ကိုOffer ဘယ်လောက်တက်ပြီး ဘယ်မြို့နယ်မှာတော့ ရောင်းအားဘယ်လောက်ကျနေတယ် ဆိုတာမျိုး ရေးရပါမယ် ။ အဲ့ဒီမှာ Location အလိုက် Culture အလိုက် Season အလိုက် Sale Volume က ကွာနိုင်ပါတယ်။ ဥပမာ - တရုတ်တန်း မှာ Indrian Dress ရောင်းအားမရှိ တာမျိုး ဖြစ်သွားနိုင်တဲ့ အတွက် Distribution မှာ Hard Data ကို သေချာကိုင်၊ Supply နဲ့ Demand ကို သုံးသပ်ပြီး ဘယ်နယ်ကို ဘာဖြန့်မယ် ။ ဘယ်ကိုတော့ ဘယ်လို Promotion ပေးမယ်ဆိုတာမျိုးကို ရေးပေးရပါမယ်။
PESTLE Analysis မှာ Political ပိုင်းက ပြောင်းလဲမှုတွေ ရှိရင် ကိုယ့်ပစ္စည်း ကို ဘာတွေသက်ရောက်မှုရှိမလဲ ။ Economic ပိုင်းမှာရော၊Social နဲ့Cultural ကိုပါ ကြည့်ရပါမယ် ။Technological တိုးတက်မှုတွေဖြစ်လာရင် ရော ဘာတွေ ဖြစ်နိုင်မလဲ။ Legal ပိုင်းရဲ့ ပြောင်းလဲမှု တွေကရော ကိုယ့်Product ကို ဘယ်လိုတွေ သက်ရောက်မှုရှိသွားနိုင်မလဲ ၊Ecological ပိုင်းကရော ဆိုပြီး စဉ်းစားရပါမယ် ။ပြီးရင် MkIS (Marketing Information System)ကို အခိုင်အမာ တည်ဆောက်ထားဖို့လိုပါမယ်။
အဲ့ဒီတွေ ပြီးတာနဲ့ ကျမတို့ SWOT Profile ကိုရေးပေးရပါမယ်။SWOT မှာ PESTLE နဲ့ ပြန် ချိတ်ပြီး ကိုယ်ကဘာတွေ အားသာချက် ရှိတယ် ၊ ဘာတွေ တော့ အားနည်းနေတယ်၊ အပြင်ကသက်ရောက်မှုတွေ အနေနဲ့ ဘယ်လိုအခွင့်အရေးတွေတော့ ဘယ်အချိန်မှာ ရှိနိုင်တယ် ၊ဘယ်လို Feature တွေက တော့ ကိုယ့်ကို ခြိမ်းခြောက်မှုတွေ ဖြစ်လာမယ့် Factors ဖြစ်လာနိုင်တယ်ဆိုတာမျိုးတွေကို ဆွေးနွေးပေးရပါမယ်။
နံပါတ် 3) Objectives ရေးပါမယ်။ Objective ဆိုတာက ကိုယ်ဘယ်ရောက်အောင်သွားချင်လဲ ဘာဖြစ်ချင်လဲ ဘယ်လောက်မြတ်ချင်လဲ အဲ့ဒီကို ဘယ်လောက်ကြာရင်ရောက်အောင်သွားမလဲ ဆိုတာကိုရေးရမှာပါ။ဒီအကြောင်းအရာမှာ Strategic Goals, Sales Objectives, Brand Objectives,Communication Objectives တွေ ရေးပေးရပါမယ်။အဲ့ဒီတော့ ကိုယ့် Objectives အောင်မြင်ဖို့ အတွက် လိုအပ်တဲ့ KSF Issues (Key Success Factors)တွေ ရေးပေးရပါမယ်။ကိုယ်လိုချင်တဲ့ Objectives ကိုရေးတဲ့နေရာမှာ SMART ( Specific, Measurable, Achievable, Realistic, Timed ) ဖြစ်ဖို့လိုပြီး PLC (Product Life Cycle) တို့ BCG တို့နဲ့ ပြန်ချိတ်ဖို့လိုပါမယ်။ကိုယ့် Product က ဘယ် Stage မှာလဲ ၊ Market ကရော ဘယ်အခြေအနေလဲ၊ ပြီးတော့ PESTLE ကရော ကိုယ့်အတွက် ဘယ်လိုအချက်တွေ သက်ရောက်လာမလဲ စသည်ဖြင့် …ပြန်ချိတ်ပြီး ရေးပေးရပါမယ်။ဥပမာ - ကိုယ့် Product ခုမှ စမယ်ဆိုပါစို့ ။ မားကတ်ထဲကို စ၀င်ဝင်ချင်း 12 လအတွင်းမှာ မားကတ်ဝေစု 20 % ရရန် ဆိုတာမျိုး ရေးပေးရပါမယ် ။
4)Strategy အကြောင်းဆက်စဉ်းစားပါမယ်။ Strategy ဆိုတာက ကိုယ့်Objectives ဆီကို ဘယ်လို ရောက်အောင်သွားမလဲ ဆိုတဲ့ လမ်းကြောင်း ကို ဆွေးနွေးမှာပါ။အဲ့ဒီ Strategy မှာSegmentation, Targeting, Positioning, Differentiation ဆိုတဲ့ အကြောင်းအရာတွေရေးပါမယ်။Segmentation မှာ နယ်မြေ ဒေသအလိုက် ၊ကျား/မအလိုက်၊အသက်/အရွယ်အလိုက်၊၀င်ငွေ အတန်းအစားအလိုက်၊ စိတ်ပိုင်းဆိုင်ရာခံစားမှု တွေ အလိုက်၊နေထိုင် ပြုမူမှု အဆင့်အတန်းတွေ အလိုက် အုပ်စု အဖွဲတွေ ခွဲခြားပေးရပါမယ်။ ဥပမာ Skin Care Products ရောင်းမယ်ဆိုရင် ရန်ကုန်မြို့က အသက် 16 နှစ်ကနေ 25 နှစ်အတွင်း ပိုက်ဆံဘယ်လောက် သုံးနိုင်တဲ့ အလှကြိုက်ပြီး အသားအရည်ထိန်းသိမ်းချင်တဲ့ မိန်းခလေးတွေဆိုတာမျိုး လူဦးရေ ဘယ်လောက်ကို ကုန်ပစ္စည်း ဘယ်လောက်အရေအတွက် ရောင်းမလဲ ဆိုတာမျိုး Research Data ကနေ ပြန်ပြီးခွဲခြားတွက်ချက်ရမှာပါ ။အဲ့ဒီက ထွက်လာတဲ့ Results ကို Production, Distribution နဲ့ ပြန်ချိတ်၊ကုန်ပစ္စည်း အရေအတွက်ဘယ်လောက်ထုတ်လုပ်ပြီး ဘယ်လိုဖြန့်မယ် ဆိုတာ Logistics & Supply Chain Process ပါ တစ်ခါတည်း ထည့်တွက်ဖို့ လိုပါမယ်။ ဒါက ကျမ ကြုံလို့ တစ်ခါတည်း စိတ်ထဲဆက်စပ်မိတာတွေ ရေးလိုက်တာပါ ။အဓိကကတော့ Segmentation ဆိုတာက မားကတ်တိုင်းမှာ သူ့ အစိတ်အပိုင်းလေးတွေနဲ့သူ ရှိပြီးသားပါ။အဲ့ဒါကို ကိုယ်ရောင်းမယ့် ကုန်ပစ္စည်းအလိုက် အစုအဖွဲလေးတွေ ခွဲထုတ်ရမယ်ဆိုတာ ကို ဆိုလိုတာပါ။Targeting မှာတော့ ကိုယ် က ဘယ်သူတွေကို ရောင်းမှာလဲ ဆိုတာ ကို သတ်မှတ်ရမှာပါ။ ရှိရှိသမျှ လူတွေ အကုန်လုံးကို ကိုယ့် Product စားသုံးသူ /၀ယ်ယူသူ ဖြစ်စေချင်လို့ မရပါဘူး ။ ဥပမာ - ဂျာနယ် တစ်ခု ဆိုပါတော့ …မြန်မာနိုင်ငံရဲ့ လူဦးရေ အကုန်လုံးစာအတွက်ဆိုပြီး စောင်ရေ သန်းချီ ထုတ်ဖို့ မလိုပါဘူး ။အိမ်ထောင်စု ဘယ်နှစ်ခု ရှိလဲ ။ အဲ့ဒီ အိမ်ထောင်စုမှာမှ ကိုယ့်ဂျာနယ်ကို ဘယ်လို လူမျိုး တွေက ဖတ်မှာလဲ ။ အဲ့ဒီမှာမှ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့နေရာတွေ ပယ်ဦး ။ ဘယ် မြို့နယ် / ဘယ်လိုလူတွေ အတွက် ကတော့ ဖြစ်နိုင်ခြေ ရှိတယ်။ ဘယ်နေရာတွေ/ ဘယ်လိုလူတွေ က တော့ ကိုယ့် Target မဖြစ်နိုင်ဘူး ဆိုတာမျိုး ပြန်စဉ်းစားပီးမှ စပြီး အစောင်ရေ ဘယ်လောက် ထုတ်မယ်ဆိုတာမျိုး ပေါ့ ။ ကိုယ်က ပြည်တွင်းမားကတ်ကို ပဲ သွားမှာလား ။ ပြည်ပ အထိပါ တင်ပို့ရောင်းချ မှာလား ။လူနည်းစုအတွက်လား ။ လူများစုအတွက်လား ။လူနေမှု အဆင့်အတန်း / ၀င်ငွေ စသည်ဖြင့်ပေါ့ လိုအပ်တာတွေ အကုန် လိုက်စဉ်းစားပြီး သေချာ ရွေးပြီး ရေးပေးရမှာပါ။ ကိုယ်ပစ်မယ့် မားကတ် ကို ကိုယ့် ဘာသာ ကွက်တိချိန် ပစ်တတ်ဖို့ တော့ လိုပါတယ် ။Positioning လုပ်တော့မယ် ဆိုရင် ပြိုင်ဘက်ကုန်ပစ္စည်းတွေနဲ့ ကိုယ်ကို ကွဲပြားအောင် /ခြားနားအောင် ကိုယ့် ရဲ့ Customer စိတ်ထဲမှာ ကိုယ့်ကို ဘယ်လိုမြင်စေချင်သလဲ ဆိုတာမျိုး ကို သတ်မှတ် လုပ်ဆောင်ရမှာပါ။ဥပမာ -Services Company တစ်ခုက “ သင့်ရဲ့ စိတ်ကျေနပ်သွားမှုက ကျွန်ုပ်တို့ ရဲ့ အောင်မြင်မှုပါပဲ “ ဆိုတာမျိုး ပြောမယ်ဆိုရင် သူက ဘာနဲ့ Offer လုပ်လိုက်တာလဲဆိုတော့ သူ့ဆီလာတဲ့ Customer ကို အကောင်းဆုံးစိတ်ကျေနပ်မှုရအောင်ကို ၀န်ဆောင်မှုပေးမယ်/ပေးနေတဲ့ Company တစ်ခုလို့ ပြောလိုက်တာမျိုး /မြင်စေချင်တာမျိုးပါ ။အဲ့ဒီတော့ ကိုယ်ဘာနဲ့ Offer လုပ်မှာလဲ ။ ကိုယ့်ကို စားသုံးသူ စိတ်ထဲမှာ ဘယ်လိုမြင်နေစေချင်လဲ ဆိုတာကို ရေးရမှာပါ ။အဲ့ဒီမှာ Differentiation နဲ့ သွားချိတ်ပါတယ် ။ Positioning ကို ပိုထိရောက်စေမှာက မတူကွဲပြားအောင်လုပ်ခြင်းပါ ။ ကိုယ်က မားကတ်ကို မတူညီတဲ့ / ပိုကောင်းတဲ့ / တန်ဖိုးပိုရှိတဲ့ ဘယ်လို Offer တွေ ပေးပြီး လုပ်မှာလဲ ဆိုတာမျိုး ရေးရပါမယ်။ကိုယ်တကယ်မြင်စေချင်တဲ့ ၊ ပေးနိုင်တဲ့ ဂတိမျိုး ကိုရွေးချယ်ပြီးသူများနဲ့ မတူတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ရပါမယ်။ အဲ့ဒီမှာ Over Promise တွေ Under Promise တွေ ဖြစ်လို့မရပါဘူး ။အဲ့ဒီလိုဖြစ်ခဲ့လို့ ကိုယ့် Positioning ,Differentiation ကို ထိခိုက်ရင် ကိုယ့် Brand ကိုလည်း လာရောက်ထိခိုက်မှာကိုပါ သတိထားပြီး သေချာ မှန်ကန်အောင် အကုန်လုံးနဲ့ ပြန်ချိတ်ပြီး နည်းဗျူဟာ ချမှတ်ပြီး ရေးရမှာပါ ။
နံပါတ် 5)Tactics ကတော့ 4 P’s /7 P’s / 8 P’s တွေပါ အဲ့ဒါတွေ ကို Strategy မှာ အကုန်ပြန်ချိတ်ရပါမယ် ။ကိုယ်ထုတ်မယ့် / ရောင်းမယ့် ပစ္စည်းက ဘာပစ္စည်းလဲ ? ဘယ်ဈေးနဲ့ရောင်းမှာ လဲ ? ဘယ်နေရာတွေကိုရောင်းမှာလဲ? ဘယ်လို Promotion တွေ ပေးမလဲ ? ဘယ်သူတွေကို ရောင်းမှာလဲ ? ဘယ်လို နေရာ /ပုံစံ / အပြင်အဆင် / ထုတ်ပိုးမှု /၀န်ဆောင်မှုနဲ့လဲ? ဘယ်လောက် Processes ကအချိန်ယူမှာလဲ ? မြန်မှာလား ? ကြာမှာလား? အဲ့ဒါတွေ အကုန်လုံးကို ဘယ်လို လုပ်ထားလဲ ဆိုတာမျိုးတွေကိုပါ အကုန်ထည့်ရေးပေးရပါမယ် ။အဲ့ဒီမှာ အရံ အနေနဲ့ ကျမတို့ Emergency Plan ရှိဖို့လည်းလိုအပ်ပါတယ် ။ အဲ့ဒီလို Strategy ကိုရေးပြီး ဆုံးဖြတ်ပြီးရင်တော့ Budgets နဲ့ Schedules ကို ထည့်ဆွဲဖို့ပါ လုပ်ရမှာပါ ။ဒီPlan ဟာရေရှည်လား ရေတိုလား ။ ရာသီချိန်ပဲလား ဆိုတာမျိုး အပေါ်မူတည်ပြီး ဘယ်လောက် အရင်းအနှီးထည့်မှာလဲ၊ဘယ်တော့ အရင်းကြေမှာလဲ ၊ ဘယ်တော့ စမြတ်မှာလဲ ၊ ဒီplan အတွင်းမှာ ဘယ်လောက်ထိ မြတ်နိုင်လဲ ဆိုတာမျိုး ကိုယ့် Product Nature အလိုက် ROI ကို ချိန်ပြီး Break- Even Analysis ကို ပါတွက်ချက်ပြီး ( PLC ပါ ပြန်ချိတ်ရန်) ထည့်ရေးပေးလိုက်ရမှာပါ ။
နံပါတ် 6) အနေနဲ့ Action Plan လုပ်ရမှာပါ ။ ကျမ တို့  ဘယ်လောက် Plan ထားထား ၊ တကယ်လုပ်ဖြစ်မှ လုပ်ဖြစ်တာပါ ။ Plan တာက လွယ်ပါတယ် လုပ်ဖြစ်ဖို့ က ခက်တော့ အဲ့ဒီလို လုပ်ဖြစ်ဖို့ အတွက် ဥပမာ -ကျမ ဆိုရင်ပဲ ဒီ Plan ရေးမယ်လို့ပြောပြီး 2 ရက်ကြာမှ ရေးဖြစ်တာမျိုး ပါ ။အဲ့ဒီတော့ ကျမ တို့ မှာ Dead Line ရှိဖို့ လိုပါတယ် ။ ဒါဘယ်ရက်ကနေ ဘယ်ရက်အထိဆိုတာမျိုး ဘယ်နေ့ အပြီးလုပ်မှာလဲ Scope မှာ တစ်ခါတည်း ထည့်ရေး ။ ကိုယ်ဖြစ်ချင်တဲ့ ကိုယ်လုပ်မယ့် Date တွေ အကုန်ရေး ။တကယ်ဖြစ်အောင်လုပ်ဖို့ Action Plan ရှိမှကို အဆင်ပြေမှာပါ ။တကယ်တော့ Action Plan ဆိုတာ Implementationပါပဲ ။အကောင်အထည်ပေါ်အောင် လုပ်ရမှာဖြစ်တဲ့အတွက်ဒီအပိုင်းက တကယ့်ကို Operation အပိုင်းဖြစ်သွားပါပြီ။ အဲ့ဒီမှာ 7P’s နဲ့ ပြန်ချိတ်ပြီး အချိန်တွေ /နေ့ရက်တွေ / တာဝန်ယူမှုအပိုင်းတွေ အကုန်လုံးကို သီးခြား သေချာခွဲပြီး နေ့အလိုက် ၊ အပတ်စဉ်အလိုက် ၊ လအလိုက် သေချာစွာ လုပ်ဆောင်ရမှာပါ ။ ဥပမာ -Product တစ်ခုကို Launch လုပ်ပြီဆိုတာနဲ့ ကြော်ငြာ ကအရင်ပါသွားပြီး ပစ္စည်းက မားကတ်ထဲမှာ ကိုယ့်လက်ထဲကနေ သေချာ အဆင်မပြေသေးဘဲ လွှတ်လိုက်ရတာတို့ ၊ပစ္စည်းက မားကတ်ထဲရောက်နေပြီ ကြော်ငြာက မင်းသမီးရက်ချိတ်လို့မရလို့TV မှာ မပါသေးတာတို့ ၊ ကြော်ငြာ Design က Confirm ထွက်မလာသေးလို့ ဂျာနယ်ကြော်ငြာထည့်ဖို့ရက်နောက်ဆုတ်လိုက်ရတာတို့ စသည်အားဖြင့် ဖြစ်နိုင်ခြေ ရှိတာတဲ့ ကမောက်ကမတွေ မဖြစ်အောင် Action Plan နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရမှာတွေကို ရေးရပါမယ်။
နံပါတ် 7) Control အကြောင်းရေးရပါမယ် ။ သူကလည်းတကယ်ကို အရေးကြီးတဲ့ အစိတ်အပိုင်းပါပဲ ။ကိုယ်လုပ်လိုက်တဲ့ Strategy နဲ့ Action Plan က အကျိုးရှိရဲ့လား ၊ အောင်မြင်မှုရရဲ့လား ဆိုတဲ့ အပိုင်းတွေကို ပြန်ပြီး လေ့လာ သုံးသပ် ဆုံးဖြတ်ရမှာပါ ။ကိုယ်ရှေ့မှာ လုပ်ထားတာတွေကို ကိုယ့် Marketing Team နဲ့ရော Senior Managenent နဲ့ ပါ ပူးပေါင်းပြီး စဉ်ဆက်မပြတ် ပြန်သုံးသပ် ၊ ပြန်ကြည့် ၊ လွဲနေခဲ့တယ်ဆိုရင် မှန်ကန်တဲ့ လုပ်ရပ်တွေ ပြန်လုပ်ဖို့ တိုင်ပင် ၊ပြန်လုပ် ဒါမျိုးတွေ ရေးရပါမယ်။
နောက်ဆုံး နိဂုံးချူပ်ချင်တာကတော့ ကျမတို့ ဒီလို အဆင့်ဆင့် ရေးပြီးပြီ ဆိုရင် နံပါတ် 1) မှာ ချန်ထားခဲ့တဲ့ Executive Summary ကို ပြန်ရေးပါမယ် ။ Executive Summary ဆိုတာက ကိုယ့်ရဲ့ Senior Management / Director / MD က အလုပ်များနေတဲ့ သူဆိုရင် သူအတွက် Plan တစ်ခုလုံးကို အစအဆုံးဖတ်ဖို့ အချိန်မရှိခဲ့ရင် အနှစ်ချူပ် ဖတ်ဖို့ Content Pages Number နဲ့ တကွ ရေးပေးရမှာပါ ။ သူက သူသိချင်တာတွေ လွယ်လွယ် ကူကူ အတိုချူပ် သိမယ် ၊သိချင်တာကို စာမျက်နှာ နံပါတ်ကိုကြည့်ပြီးတန်းဖတ်လို့ရမယ် ဆိုတာမျိုးလုပ်ပေးရမှာပါ ။Plan ထဲမှာ ပါတဲ့ အရေးကြီးတဲ့ အချက်တွေကိုထုတ်ပြီး အနှစ်ချူပ်ရေးပြီး Plan File စာရွက်တွေရဲ့ ထိပ်ဆုံးမှာ ညှပ်ပြီးတင်ပေးလိုက်ဖို့ပါပဲ ။ ဒီလောက်ဆိုရင် Marketing Plan ရေးဖို့ လိုအပ်နေသူတွေ အတွက် အကြမ်းအားဖြင့် အဆင်ပြေမယ် အသုံးဝင်မယ်လို့ ယူဆပါတယ်။ နောက်ပိုင်းအချိန်ရရင်လည်း သိခဲ့သမျှ ၊ဖတ်ခဲ့သမျှ ကို Sharingလုပ်ပေးချင်ပါတယ် ။

#‎HowToWriteMarketingPlan‬ ‪#‎StudyMarketing‬ ‪#‎Marketing‬ ‪#‎Plan‬ ‪#‎MarketingStrategy‬
Best Regards,
Credit : Hsint Sanda
https://www.facebook.com/hsintsanda
Dip in Marketing (ICM-UK)
Ref: Lecture of Sayar U Aung Chit Khin (Strategy First Institute)
Principle of Marketing by Philip Kotler and Gary Armstrong

Tuesday, August 27, 2013

အိပ်စက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ




အသက်ရှင်ရန် အိပ်ပါ
အသက် ရှင်ဖို့ အစာစား ရသလို အိပ်တာ ဟာလည်း အရေးကြီး ပါတယ်။
အစာ အစာ ချိုတဲ့ရင် ဖြစ်တတ် သလိုမျိုး အအိပ် ချို့တဲ့တဲ့ တိရစ္ဆာန် တွေဟာ နှစ်ပတ်မှ သုံးပတ် အတွင်း သေဆုံး သွားတယ်လို့ သိပ္ပံပညာရှင် တွေက တွေ့ရှိ ခဲ့ပါတယ်။
အိပ်ပျော်စေရန် ဖျော်ရည်သောက်ပါ
ပန်းသီး သုံးလုံး၊ လိမ္မော်သီး နှစ်လုံး၊ ရှောက်သီး တစ်စိတ်၊ ဆလတ်ရွက် လက်နှစ် ဆုပ်စာကို ရောစပ်ထားတဲ့ ဖျော်ရည် တစ်ခွက်ကို အိပ်ရာ မဝင်ခင် သောက်ပေးရင် ကလေး ငယ်လိုမျိုး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နိုင်ပါတယ်။ အဲဒီ အစားအစာ တွေမှာ သဘာဝ အိပ်ဆေးဖြစ်တဲ့ လက်တုန်းတွေ ပါဝင်လို့ပါ။
နွားနို့သောက်ပါ
Tryptophay ဆိုတာဟာ ပရိုတင်း အစားအစာမှ ရရှိတဲ့၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင် နိုအက်စစ် ရှစ်မျိုးထဲက တစ်မျိုး ဖြစ်ပြီး နွားနို့နဲ့ အသားမှာ များစွာ ပါဝင်ပါတယ်။ အိပ်စက်မှုကို ကောင်းမွန်စေပြီး ဦးနှောက်တွင်း အိပ်စက်မှု ကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော် နိုင်လို့ပါ။
ငှက်ပျောသီး စားပါ
ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အုတ်စပါးနဲ့ ဆန်လိုမျိုး တချို့ အစားအစာ တွေမှာ မက်လတိုနင် ပါဝင်တဲ့ အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ထိန်းညှိ ပေးပါတယ်။
သမ်းဝေတာ ပျောက်အောင် များများအိပ်ပါ အိပ်ရေးမဝတဲ့ ရက်တွေ များလာရင် လည်ချောင်း တွင်းရှိ ကြွက်သားတွေ တွဲကျလာ ကာ သမ်းဝေတာ များလာပြီး အအိပ်နည်း သွားပါတယ်။ သမ်းဝေတာ ရပ်အောင် အ နည်းဆုံး တစ်ညကို ခုနစ်နာရီ အိပ်ပေးပါ။
ကြံ့ခိုင်မှုပြည့်ဝအောင် အိပ်ရေးဝ၀အိပ်ပါ
အိပ်ရေး မဝတဲ့ ရက်တွေ များလာရင် နှလုံးသွေးကြောရဲ့ လုပ်ငန်း ဆောင်တာဟာ ၁၁ ရာခိုင်နှုန်းထိ ကျဆင်း သွားပါတယ်။ အဓိပ္ပာယ် ကတော့ ကြံ့ခိုင်ပြီး ကျန်းမာလိုရင် အိပ်ဖို့ အရေးကြီး ပါတယ်။
ခြေထောက်ကို နွေးနွေးထွေးထွေးထားပါ
ခြေထောက်နဲ့ လက်တွေမှာ သွေးရှောက်ရှိမှု နည်းသွားရင် အိပ်ရာက နိုးလာတတ် ပါတယ်။ ဆောင်းရာသီမှာ ခြေထောက်နွေးအောင် ခြေစွပ်ဝတ်အိပ်ပါ။
အအိပ်ကို ဦးစားပေးပါ
အိပ်ရေး မဝတာကြောင့် ခုခံအား စနစ်နဲ့ ဆုံးဖြတ်နိုင်မှု စွမ်းရည်တွေ ကျဆင်းတတ် တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကျန်းမာတဲ့ ဘဝရဖို့ အအိပ်ကို ဦးစားပေး ရပါမယ်။ ညစဉ် ညတိုင်း အိပ်ချိန်တူ ညီအောင် လေ့ကျင့်ပါ။
လှပစေရန် အိပ်ပါ
သင်အိပ်ပျော် နေစဉ်အတွင်း သင့်အရေပြား၊ ဆံပင်နဲ့ လက်သည်းတွေရဲ့ ဆဲလ်တွေ အသစ် ပြန်လည် ဖြစ်ပေါ် လာတဲ့ အတွက်ဟာလည်း အိပ်စက် တာကြောင့် ပြန်ကောင်းမွန် လာစေ နိုင်ပါတယ်။
အိပ်ရာမဝင်ခင် ရေချိုးပါ
အိပ်ရာမဝင်ခင်မှာ ရေနွေးနဲ့ ရေချိုးတာကြောင့် ကြွက်သားတွေကို Relax ရရှိစေပြီး အိပ်ပျော် စေနိုင်ပါတယ်။ အမှောင်သန်းချိန်မှ စပြီး ကဖင်းကို ရှောင်ပါ အိပ်ရာ မဝင်ခင် ကဖင်း သောက်ရင် အိပ်စက်မှု အရည်အသွေးကို ကျဆင်းစေနိုင် ပါတယ်။ ကော်ဖီသာမက ချောကလက် မှာလည်း ကဖင်း ပါဝင်တာကြောင့် ချော ကလက်ကို ညအချိန်မှာ မစားပါနဲ့။
ခေါင်းချတာနဲ့ အိပ်ပျော် သလို မဖြစ်ပါ စေနဲ့
သင်ဟာ ခေါင်းအုံးပေါ်မှာ ခေါင်းတင် လိုက်ရုံနဲ့ အိပ်ပျော် သူဖြစ်ရင် အအိပ်ချို့တဲ့ တတ်သူ ဖြစ်ပါတယ်။ ကျန်းမာသူ တစ်ယောက်အနေနဲ့ အိပ်ပျော်ဖို့ ၁၀ မိနစ်လောက် အချိန် ယူရတယ်။
ဒေါက်တာခင်မိုးမိုး

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ


Thursday, Mar 21 2013 Written by  အာယု

 
မုန်လာဥနီ
မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။
ပဲတီစိမ်းအဖတ်
ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။
ဝက်အူချောင်း
ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
အသားကင်
အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။အရက်ထဲမှာအရက်ပြန်ဟာ အစာအိမ်နဲ့အူရဲ့သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို 
အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။
Myawady News