Tuesday, August 27, 2013

သက်တမ်း ရှည်စေမည့် နှလုံး၊ ဦးနှောက်နှင့် အရိုးအတွက် သဘာဝ အစားအစာ


Tuesday, Mar 19 2013 Written by  အာကြီး




နှလုံး ကျန်းမာရေး အတွက် အစာ
၁။ အခွံမာသီး
အခွံမာသီးမှာ အဆီဓာတ် ပါဝင်မှု များပေမယ့် နှလုံး အကျိုးပြု မပြည့်ဝဆီပါ။ ဒါကြောင့် နှလုံးရောဂါ မဖြစ် အောင် အကာအကွယ် ပေးနိုင်တဲ့ အခွံမာသီး များများ စားပေးဖို့ လိုပါတယ်။

၂။ အညိုရောင် ချောကလက်
ဆန်းဘလပ်စ်ကျွန်းမှာ နေထိုင်သူတွေဟာ သွေးတိုး ရောဂါနဲ့ နှလုံးရောဂါ ဖြစ်နှုန်း နည်းပါး ရတာဟာ ချောကလက် စားသုံးမှု များတာကြောင့်လို့ သုတေသီတွေက ယူဆကြပါတယ်။ အညိုရင့်ေ ရာင် ချောကလက်မှာ ပါဝင်တဲ့ ပိုလီဖီနော ဓာတ်ဟာ သွေးဖိအား ကျစေပြီး နှလုံးကျန်းမာ စေပါတယ်။
၃။ ကောက်နှံ တစ်ခုလုံးနှင့် ပြုလုပ်ထားသော အစာ
ကယ်လိုရီပါဝင်မှု နည်းပြီး အာဟာရ တန်ဖိုးများစွာ ပါဝင်တဲ့ ဆန်လုံးညို၊ ခေါက်ဆွဲညို၊ အညိုရောင် ပေါင်မုန့်နဲ့ ဘာလီစတာတွေဟာ ရောဂါကိုလည်း တိုက်ခိုက် ပေးနိုင်ပါတယ်။ ကောက်နှံ တစ်ခု လုံးနဲ့ အသီးအနှံများများ စားသုံး သူတွေဟာ အသားနဲ့ အဆီများ အစားအစာ စားသူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါ အန္တရာယ်ကို ထက်ဝက် ခန့် လျော့ကျ နိုင်ကြောင်း တက်ဆက် ကျန်းမာရေး တက္က သိုလ်က ဆိုပါတယ်။
၎။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ
အပင်ထွက် အစားအစာတွေဟာ အမျှင်ဓာတ်နဲ့ ဗီတာမင်၊ သတ္တုဓာတ် ပါဝင်မှု များပါတယ်။ ကယ်လိုရီ ပါဝင်မှု နည်းတဲ့အတွက် ကိုယ်အလေးချိန် တက်မှာလည်း ပူစရာ မလိုတော့ဘူး။ ဟင်းသီး ဟင်းရွက်နဲ့ အသီးအနှံ တွေ ဟာ နှလုံးသွေးကြော တွေကို ကျန်းမာ စေပါတယ်။
ဦးနှောက် ကျန်းမာရေးအတွက် အစာ
၁။ ငါး
အိုမီဂါသရီး ဖက်တီးအက်စစ် ပါဝင်မှုများတဲ့ ငါးနဲ့ အခွံမာ ပင်လယ်စာတွေဟာ နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်မှုနဲ့ နှလုံးရောဂါတို့ကို ကာကွယ် ပေးနိုင်ပါတယ်။ ဒါ့အပြင် ငါးအဆီမှာ ပါဝင်တဲ့ DHA နဲ့ EPA ဟာ အသက်ကြီး ချိန်မှာ မှတ်ဥာဏ် ဆုံးရှုံးမှုနဲ့ စိတ်ဓာတ်ကျခြင်း မဖြစ်အောင် ကာကွယ် ပေးပါတယ်။
၂။ ဆားနည်းသော အစာ
ဆားနည်းတဲ့ အစာဟာ သွေးဖိအား ကျစေတဲ့ အတွက် သွေးဖိအား ပုံမှန်ရှိတာဟာ ဦးနှောက်ဆဲလ်တွေ မပျက်စီးအောင် ကာကွယ် ပေးပါတယ်။ ဒါကြောင့် ဆားနည်းတဲ့ အစာတွေစားရင် အသက် အရွယ်နဲ့ ဆက်စပ်နေတဲ့ မှတ်ဥာဏ် ဆုံးရှုံးမှုနဲ့ ကြောင်းကျိုး ဆင်ခြင်နိုင်စွမ်း အားနည်းခြင်းတွေကို လျော့နည်း စေပါ တယ်။
၃။ စပျစ်သီး
စပျစ်သီး၊ ဘလူးဘယ်ရီ သီးတွေလို ဓာတ်တိုးဆန့်ကျင် ပစ္စည်း ပါဝင်မှုများတဲ့ အစားအစာ တွေဟာ အသက်ကြီးလာ တာကြောင့် ဦးနှောက်ထဲမှာ အပြောင်း အလဲဖြစ်ခြင်း လျော့ပါး စေပြီး မှတ်ဥာ ဏ် ကောင်းမွန် နေစေပါတယ်။
အရိုး ကျန်းမာရေး အတွက် အစာ
၁။ အဆီနည်းနို့နှင့် နို့ထွက်ပစ္စည်း
ခန္ဓာကိုယ်ကနေ ကယ်လစီယမ် စုပ်ယူဖို့ ဗီတာမင်ဒီ လိုအပ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် ထဲမှာ အသားဓာတ် အလုံအလောက် ရှိတာဟာလည်း အရိုးတွေ သန်မာစေဖို့ အတွက် အရေးကြီးပါတယ်။ အရိုးအတွက် အရေးပါတဲ့ အဲဒီဓာတ်တွေ ရအောင် နွားနို့၊ ပဲနို့၊ ဒိန်ချဉ် စတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေကို များများ သောက်ပေး ပါ။
၂။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
ရွက်လိပ်မုန်ညင်း၊ ဟင်းနုနယ်ရွက်နဲ့ ပန်းဂေါ်ဖီစိမ်းတွေမှာ ကယ်လစီယမ်ဓာတ် ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။
၃။ တိုဟူး
ကယ်လ်စီယမ် ဆာလ်ဖိတ် အများအပြား ပါဝင်တဲ့ တိုဟူး (Tofu) စားပေးပါ။
Ref : Good Health
 Credit to www.myawady.com.mm
Copy from
www.myawady.com.mm/health/knowledge/item/10088-2013-03-25-12-30-55

No comments: