Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

Thursday, September 10, 2015

တစ်ညကို ငါးနာရီအိပ်ရုံနဲ့တင် အဆင်ပြေနည်း

လွန်ခဲ့တဲ့  နှစ်အနည်းငယ်ကစပြီး ကျနော်ဟာ တစ်နေ့ကို လေးငါးနာရီလောက်ပဲအိပ်ရုံနဲ့ အဆင်ပြေလာပါတယ်။ ဒါဟာ တော်တော်ထူးခြားတယ်ဆိုတာကို ကျနော့်ရဲ့ မိတ်ဆွေတစ်ချို့နဲ့ စကားပြောမကြည့်မီအထိ မသိသေးပါဘူး။ သူတို့အတော်များများက ဒီလိုပြောကြတယ်။ ” အိုး … ကျနော်ကတော့ တစ်နေ့ကို ၈ နာရီလောက် အိပ်မှဖြစ်တာဗျ ” ။ အဲဒီတော့ ကျနော်စဉ်းစားမိတယ်။ ဒီ ၈ နာရီအိပ်မှ လုံလောက်တယ်ဆိုတဲ့ ဒဏ္ဍာရီဟာ ဘယ်ကနေ ဆင်းသက်လာတာပါလိမ့်လို့။ ကျနော် ရှာဖွေလေ့လာမှုတွေ လုပ်ရပါတော့တယ်။ အဲဒီမှာ သိပ္ပံနည်းကျ တွေ့ရှိချက်တွေကို ကျနော် တွေ့ရပါတယ်။ သိပ္ပံပညာရှင်တွေပြောတာက ဘာလဲဆိုတော့ အသက်အရွယ်၊ လိင် နဲ့ အလုပ်လုပ်မှုပုံစံတွေပေါ်မူတည်ပြီး လူတွေဟာ တစ်နေ့ကို ၇ နာရီကနေ ၉ နာရီအထိ အိပ်ချိန်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါဆို ကျနော်ကျတော့ ဘာကြောင့် တစ်ညကို လေးငါးနာရီပဲ အိပ်ဖို့လိုအပ်ပြီး ကျနော့် ဇနီးနဲ့ ကျနော့်ရဲ့ မိတ်ဆွေတွေကတော့ ၈နာရီအိပ်ဖို့ လိုအပ်တာလဲ ?

ကျနော် လက်တွေ့စမ်းသပ်မှုနည်းနည်းလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်ညကို ၈နာရီအိပ်ဖို့ ရက်သတ္တပတ် သုံးလေးပတ်လောက် ကျနော် ခက်ခက်ခဲခဲ ကြိုးစားရပါတယ်။

ကျနော့်ရဲ့ ရလာဒ်တွေက ထူးဆန်းပါတယ်။ အစပိုင်း ရက်တွေမှာ ကျနော် မနက် ၄နာရီခွဲ ၅နာရီလောက်ဆို နိုးပြီ။ ကျနော့်ကိုယ်ကျနော် အိပ်ရာထဲ အတင်းပြန်လှဲခိုင်းပြီး အိပ်ပျော်အောင် ကြိုးစားရတယ်။ အိပ်ဆေးတွေဘာတွေ သောက်ရတယ်။

၅ ရက်မြောက်နေ့မှာတော့ ကျနော်ဟာ ၇နာရီလောက်ကြာအောင် အိပ်လို့ရသွားပြီ။ ဒါပေမဲ့ ကျနော် နိုးလာတဲ့အချိန်မှာရော ကျန်တဲ့တစ်နေ့တာလုံးမှာပါ လူက မူးနောက်နောက်ဖြစ်နေပါတယ်။ ပြီးတော့ အလုပ်တွေလည်း ကပျာကယာနဲ့ အလျင်မီအောင် လုပ်ရတယ်။

နောက်ဆုံး ရက်သတ္တပတ်မှာတော့ ကျနော် အကျင့်ရလာပါပြီ။ ၇ နာရီ ၇ နာရီခွဲလောက်ကြာအောင် အိပ်တတ်လာပါတယ်။ မူးနောက်နောက်ဖြစ်တာတွေလည်း နည်းသွားပါတယ်။ ပြီးတော့ အလုပ်တွေကိုလည်း သွက်သွက်လက်လက် လုပ်နိုင်လာပါတယ်။

ပြီးခဲ့တဲ့ လေးငါးရက်အတွင်းက ကျနော် ပုံမှန်ပြန်ဖြစ်အောင် လုပ်ပါတယ်။ ညသန်းခေါင် အိပ်ရာဝင်ပြီး မနက် ၅နာရီမှာ ထပါတယ်။ အဲဒီမှာ အိပ်ချိန်ပုံစံက ကမောက်ကမဖြစ်သွားပြီး ကျနော် ပြန်ပြီး မူးနောက်နောက်ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒီနေ့ မနက်မှာတော့ ငါးနာရီအိပ်ပြီး အိပ်ရာအထမှာ လန်းလန်းဆန်းဆန်း ဖြစ်နေပါပြီ။

ဒါက ဘာကိုပြသလဲဆိုတော့ ကျနော်တို့ဟာ တစ်ခုခုကို ကျင့်သားရသွားရင် အဆင်ပြေလာတယ်ဆိုတာပါပဲ။ ကျနော်တို့ဟာ အိပ်စက်ခြင်းမှာ အလေ့အကျင့်တစ်ခုလုပ်လိုက်ရင် ကျန်တာတွေက သူ့အလိုလိုဖြစ်လာပါလိမ့်မယ်။ ကျနော့်ရဲ့ အလေ့အထက ငါးနာရီအိပ်ခြင်းဖြစ်ပါတယ်။ ဒီတော့ ကျနော့်ရဲ့ အိပ်စက်ခြင်းယန္တရားက ငါးနာရီအိပ်ချိန်နဲ့ အံဝင်ခွင်ကျဖြစ်အောင် သူ့အလိုလို လုပ်ဆောင်သွားပါတယ်။

ကျနော်တို့ရဲ့ ခန္ဓာကိုယ်ဟာ အနားယူဖို့လိုအပ်တယ်ဆိုတာ အသေအချာပါပဲ။ ကျနော်တို့ဟာ အိပ်ဖို့လိုအပ်တယ်။ ကျနော်တို့ရဲ့ အိပ်စက်ခြင်းယန္တရား၊ REM (Repid Eye Movement) အချိန်၊ ပြီးတော့ ဒယ်လ်တာ၊ အယ်လ်ဖာ၊ သီတာ အိပ်စက်ခြင်းတွေ၊ အဲဒါတွေက ကျနော်တို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်စက်ခြင်းယန္တရားကြီးဟာ ကျနော်တို့ရဲ့ အိပ်စက်ခြင်းအလေ့အကျင့်နဲ့ အံဝင်ခွင်ကျဖြစ်အောင် သူ့အလိုလို လုပ်ဆောင်ပါတယ်။

အောက်ကနည်းလမ်းတွေကတော့  တစ်ညကို ၅နာရီအိပ်ရုံနဲ့တင် အဆင်ပြေစေဖို့ နည်းလမ်းတွေ ဖြစ်ပါတယ်။

၁။ သင့်ရဲ့ အိပ်စက်ခြင်းယန္တရားကို သိပါ။ အကြမ်းအားဖြင့် သင်ဘယ်အချိန်မှာ အိပ်ရာဝင်တယ်၊ ဘယ်အချိန်မှာ နိုးတတ်တယ်ဆိုတာ သင်သိပြီးသားပါ။ သင် တစ်ညကို ဘယ်နှနာရီလောက် အိပ်တယ်ဆိုတာ တွက်ကြည့်ပါ။
၂။ ပြီးတော့ သင် နှစ်သက်တဲ့ ၊သင်လိုချင်တဲ့ အိပ်ချိန်ကို ဆုံးဖြတ်ပါ။ ဥပမာ- ငါးနာရီအိပ်ရုံနဲ့တင် လုံလောက်ချင်တာလား၊ ဒါမှမဟုတ် ၆နာရီလား ။
၃။ အိပ်စက်မှုပုံစံအသစ်အတွက် ရက်သတ္တပတ် ၄ ပတ် လိုပါမယ်။ ဥပမာ- သင်ဟာ အခုလောလောဆယ်မှာ ၈ နာရီအိပ်မှ လုံလောက်သူတစ်ယောက်ဆိုပါစို့။ သင်က ၅ နာရီပဲအိပ်ချင်တယ်။ ဒါဆို သင့်ရဲ့ အိပ်စက်မှုပုံစံအသစ်က ဒီလိုမျိုးပေါ့။

ရက်သတ္တပတ် ၁ – တစ်ညကို ၇နာရီ ၁၅မိနစ် အိပ်ပါ။
ရက်သတ္တပတ် ၂ – တစ်ညကို ၆နာရီ ၃၀မိနစ် အိပ်ပါ။
ရက်သတ္တပတ် ၃ – တစ်ညကို ၅နာရီ ၄၅မိနစ် အိပ်ပါ။
ရက်သတ္တပတ် ၄ – တစ်ညကို ၅နာရီ အိပ်ပါ။

ဒီလိုမျိုး ရက်သတ္တပတ်တွေ ခွဲခြမ်းလိုက်ခြင်းက သင့်ရဲ့ ခန္ဓာကိုယ်ကို မထိခိုက်စေပါဘူး။ တစ်နေ့လုံး မူးနောက်နောက်ဖြစ်တာမျိုးတွေလည်း မရှိစေပါဘူး။ ပြီးတော့ ရက်သတ္တပတ်တစ်ပတ်ကို နာရီပေါင်း ၁၅နာရီကနေ  ၂၅နာရီိ အပိုထွက်လာပါမယ်။

အခု သင်စိုးရိမ်ရမှာက အဲဒီ အပိုထွက်လာတဲ့ နာရီတွေမှာ သင် ဘာတွေလုပ်မလဲဆိုတာပါပဲ ။

Ref: How to get by on 5 hours of sleep a night by Steven Aitchison

Credit : http://yourlifesuccess.blog.com

Tuesday, August 27, 2013

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ


Thursday, Mar 21 2013 Written by  အာယု

 
မုန်လာဥနီ
မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။
ပဲတီစိမ်းအဖတ်
ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။
ဝက်အူချောင်း
ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
အသားကင်
အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။အရက်ထဲမှာအရက်ပြန်ဟာ အစာအိမ်နဲ့အူရဲ့သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို 
အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။
Myawady News