Showing posts with label Internet Application Training. Show all posts
Showing posts with label Internet Application Training. Show all posts

Thursday, September 10, 2015

Google Search မှာ ပိုမိုပြည့်စုံအောင် ရှာချင်ရင်..

ဒီတစ်ခါတော့ ကျနော်တို့ အများဆုံးအသုံးပြုနေတဲ့ Google Search Engine မှာ ကျနော်တို့ ရှာချင်တဲ့ အကြောင်းအရာတွေ ပိုမိုပြည့်စုံစွာ ဖော်ပြနိုင်ဖို့အတွက် နည်းလမ်းလေး တစ်ခု မျှဝေချင်ပါတယ်။ သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တော်တော်အသုံးဝင်တာ တွေ့ ရပါတယ်။ စမ်းကြည့်လိုက်ပါအုံးခင်ဗျာ။ ပထမဆုံး ကိုယ်ရှာချင်တဲ့ စာလုံးတွေကို ရိုက်ထည့်ပြီး Enter ပေးလိုက်ပါတယ်။ ဆိုပါတော့ .. အောက်က ပုံထဲကလို.. latest Myanmar News ဆိုပြီး ရိုက်ထည့်လိုက်ရင်.. News Links တွေတော့ အများကြီးတွေ့ရမှာပဲ။ ဒါပေမယ့်လို့ အဲဒီထက်ပြည့်စုံအောင်... ကိုယ်ရှာလိုက်တဲ့ အကြောင်းအရာကို ဖော်ပြပေးနိုင်အောင် ဆိုရင်တော့ ကိုယ်ရှာလိုက်တဲ့ link ရဲ့ နောက်ဆုံးမှာ =&as_qdr=d စာသားလေး ထည့်ပေးလိုက်ပါ။ ပိုရှင်းအောင် အောက်က ပုံလေးကို ကြည့်လိုက်ပါအုံး...

ဒီပုံထဲကအတိုင်း အပြာရောင်နဲ့ ပြထားတဲ့နေရာမှာ =&as_qdr=d ဆိုတဲ့ word လေးထည့်ပေးလိုက်ပါ။

သဘောပေါက်ကြမှာပါ။ အခုလိုရှင်းပြရတာက မသိသေးတဲ့ သူများအတွက် ဖြစ်ပါတယ်။ သိပြီးသားသူများအတွက် ကလေးကလားဆန်နေပါလိမ့်မယ်။
ဒီပုံကတော့ ပုံမှတ်အတိုင်း ရှာထားတဲ့ result ပါ။
ဒီပုံကတော့ အထက်ပါ စာလေး ထည့်ပြီး ပြန်ရှာလိုက်တဲ့ result ပဲ ဖြစ်ပါတယ်။
 

Thursday, April 5, 2012

Facebook Account တည်ဆောက်ခြင်း

1.ပထမအဆင့်အနေနဲ့ Mozilla Firefox(သို့မဟုတ် မိမိနှစ်သက်ရာ browser) ရဲ့ Address Bar မှာ www.facebook.com ဟုရိုက်ထည့်ပါ။ ရိုက်ထည့်ပြီးတာ နဲ့ အောက်က ပုံပေါ်လာပါမည်။
2.Registration form ကိုမြင်ရပါမည်။ ဖောင်မှာ လိုအပ်သည့်အချက်များကို ဖြည့်ပေးရပါမည်။

first name နဲ့ last name
နေရာတွင် မိမိနာမည်ကို မျှထည့်ပါ(နာမည်အရင်း မဟုတ်လဲရပါတယ်)။ ဒီနေရာတွင် ထည့်သော နာမည်သည် display name ဖြစ်လာပါမယ်။သဘောက facebook မှာမိမိကို ဆက်သွယ်လိုလျှင် ဒီနာမည်ကို ပေးလိုက်ရုံနဲ့ ရပါပြီ။ ဒီနာမည်ကို ရှာခိုင်းလိုက်ရုံပါပဲ။

Your Email
အမှန်တကယ်အသုံးပြုနိုင်သော မိမိအီးမေး လိပ်စာ တစ်ခုကို ထည့်ရေးပေးရပါမည်။ အဲဒီမှာဖြည့်တဲ့
အီးမေးသည် Facebook ကိုဝင်တိုင်း သုံးရမည်ဖြစ်သည်။

Re-Enter Email
အပေးမှာထည့်ခဲ့တဲ့ အီးမေးကိုဘဲ ပြန်ထည့်ပေးရပါမည်။ လိပ်စာကို ထည့်ချင်သလို ထည့်လို့မရပါဘူး။
အပေါ်က အီးမေးနဲ့ တထေရာတည်းတူညီရပါမည်။

New Password
password အဖြစ်ထားလိုတဲ့ စကားလုံးကို အနည်းဆုံး 8 လုံး ထည့်ပေးရပါမည်။

I am:ဆိုတဲ့နေရာမှာ male / female(ကျား၊မ) ကိုရွေး၇ပါ့မယ်။

Birthday: မှာမွေးနေ့ကို ထည့်ပေး၇ပါမည်။

အားလုံးဖြည့်ပြီးလျှင် sign up တွင် ကလစ်နှိပ်လိုက်ပါ။ ဖြည့်စွပ်တာမှန်လျှင် Enter CAPCHA ဆိုပြီးပေါ်လာကာ ပေါ်လာသော စာလုံး များကို ရိုက်ထည့်ပေးဖို့ တောင်းဆိုပါမည် (ဒဲ့ကြည့်လို့ လို့အဆင်မပြရင် တစောင်းကြည့်ပါ။)။ အထူးသိဖို့က လိုင်းမကောင်းလျှင် ဘယ်လိုမှ ဖွင့်မရတတ်ပါဘူး။ ကြာလဲ ကြာတတ်ပါတယ်။ စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ်။


find friends box တက်လာရင် skip ကို နှိပ်ပါမယ်။

profile information ရောက်ရင် skip ကို နှိပ်ပါမယ်။

နောက် profile picture ရောက်ရင်လဲ skip ကို နှိပ်ပါမယ်။profile pictureဆိုတာ ကိုယ့်Facebook account မှာအဓိကတွဲပေါ်မဲ့ပုံပါ။နောက်ကျမှ လှတပတ ပုံလေးတွေ ထည့်တာပေါ့။(အမှောင်ထဲမှာ တစောင်းရိုက်ပြီး ;))

အပြီးသတ် registration လုပ်၇န်အတွက် find friends....profile information ...profile picture ဆိုပြီး 3ဆင့်ရှိပါသည်။ လောလောဆယ်မှာ ဒီအဆင့် 3ခုကို skip လုပ်ခြင်းဖြင့် registration အားအဆုံးသတ်ပါမည်။

Register လုပ်ပြီးသွား တဲ့အခါ page ရဲ့ အပေါ် activate လုပ်ဖို့၇န်တိုက်တွန်းသော ဘားတန်း တစ်တန်းပေါ်လာပါမည်။ဘားတန်းထဲက GO to your email တွင် click နှိပ်ခြင်းဖြင့် မိမိ အီးမေး ၀င်ရန်သို့ ရောက်သွားပါမည်။မိမိ email ကနေ အတည်ပြုပေးရပါမယ်။ဒီအဆင့်ထိဆို facebook
အကောင့်တစ်ခုရသွားပါပြီ။ အားလုံး ပျော်ရွင်ချမ်းမြေ့ကြပါစေ။
နောက်များမှ facebook သုံးနည်း အဆင့်ဆင့်ကို ထပ်မံ ဖော်ပြပေးပါအုံးမည်။

Modified & copy from http://goldenmyanmarparadise.ning.com written by
ပေကပ်ကပ် ကောင်မလေး
Title: Facebook Account တည်ဆောက်ခြင်း (ရွှေမြန်မာ ဥယျာဉ် ဆိုဒ်မွေးနေ့အမှတ်တရ နည်းပညာပြိုင်ပွဲဝင်ဘလော့)