In their book 'Managing Change for Competitive Success' (1991) Andrew
Pettigrew and Richard Whipp distinguish between three dimensions of
strategic change:
1. Content (objectives, purpose and goals) - The content of change
aims to answer the question "WHAT"
2. Process (implementation) - The process of change aims to answer the
question "HOW"
3. Context (the internal and external environment) - The context of
change aims to answer the question "WHERE" and "WHY"
ဗျူဟာမြောက်ပြောင်းလဲခြင်း အပေါ်သုံးဖက်မြင်သုံးသပ်ခြင်း
Andrew Pettigrew နှင့် Richard Whipp သည်
၎င်းတို့နှစ်ယောက်ပူးပေါင်းရေး
သားခဲ့သော 'Managing Change for
Competitive Success' (1991) ဟူသည့်စာအုပ်တွင် ဗျူဟာမြောက်ပြောင်းလဲခြင်း
(Strategic Change ) ကိုသုံးဖက်မြင် သဘောတရားဖြင့် သုံးသပ်ပြခဲ့သည်။
၁-ပြောင်းလဲသွားသည့်အကြောင်းအရာ(content)
ပြောင်းလဲသွားသည့်အကြောင်းအရာ ဆိုတာ ဘာတွေပြောင်းလဲ သွားတာလဲ ဆိုတာကို
ဖြေဖို့အဖြေတစ်ခုပဲဖြစ်ပါတယ်။
(ရည်ရွယ်ချက်၊ ဦးတည်ချက်၊ ရည်မှန်းချက်၊ ပန်းတိုင်)
Pettigrew and Whipp emphasize the continuous interplay between these
change dimensions.
The implementation of change is an "iterative, cumulative and
reformulation-in-use process." Successful change is a result of the
interaction between the content or what of change (objectives, purpose
and goals); the process or how of change (implementation); and the
organizational context or where of change (the internal and external
environment).
၂-ပြောင်းလဲမှုဖြစ်စဉ်( Process ) နှင့် အကောင်အထည်ဖော်ခြင်း ( Implementation ) ကဏ္ဍ
ပြောင်းလဲမှု ( Change )ကို အကောင်အထည်ဖော်ခြင်း ကာလ ဆိုသည်မှာ
အချင်းချင်းပူးပေါင်းပြီးအပြန်အလှန်လုပ်ဆောင်ခြင်း၊ တစ်ဖြည်းဖြည်း
တစ်ဆင့်ချင်းတစ်ဆင့်လုပ်ဆောင်ခြင်း နှင့် ပုံမှန်လုပ်ဆောင်နေကျ
လုပ်ငန်းစဉ်တွေကို ပုံစံပြန်ပြောင်းခြင်း ( Reformulation )
ကိုဆိုလိုပါသည်။
၃-ပြောင်းလဲသွားသည့်နေရာ သို့မဟုတ် ပြောင်းလဲသွားရခြင်းအကြောင်းအရာ (where and why)
အောင်မြင်စွာ ပြောင်းလဲပြီးစီးသွားခြင်းသည် ပြောင်းလဲသွားသည့်အရာများ (
ဦးတည်ချက်၊ ရည်မှန်းချက်၊ပန်းတိုင် စသည် ) ၊ ပြောင်းလဲသွားသည့်
ဖြစ်စဉ်အကောင်အထည်ဆောင်ရွက်မှု နှင့် ပြောင်းလဲသွားသည့်နေရာ (
အတွင်းပြောင်း သို့မဟုတ် အပြင် ပြောင်း ) တို့၏
အချင်းချင်းအပြန်အလှန်ဆောင်ရွက်ခြင်းကြောင့်သာလျှင်ဖြစ်ကြောင်း
၎င်းတို့နှစ်ယောက်က ဆိုပါသည်။
Based on substantial empirical research, they also present five
central interrelated factors belonging to successfully managing
strategic change:
1. Environmental assessment (continuous monitoring of both the
internal and external environment [competition] of the organization
through open learning systems)
2. Human resources as assets and liabilities (employees should know
they are seen as valuable and feel trusted by the organization)
3. Linking strategic and operational change (Intentions are
implemented and transformed through time, bundling of operational
activities is powerful and can lead to new strategic changes)
4. Leading change (Move the organization forwards; creating the right
climate for change, coordinating activities, steering. Setting the
agenda not only for the direction of the change, but also for the
right vision and values)
5. Overall coherence (a change strategy should be consistent (clear
goals), consonant (with its environment), provide a competitive edge
and be feasible.
ကျယ်ပြန့်ပြီးလက်တွေ့ကျသော သုတေသနလေ့လာတွေ့ရှိချက်တွေကို အခြေခံလျှက်
သူတို့နှစ်ယောက်ဟာ အောင်မြင်သော နည်းဗျူဟာမြောက် ပြောင်းလဲခြင်း
စီမံခန့်ခွဲမှု တွေဟာ အချင်းချင်းဆက်စပ်မှု သဘောတရား အချက် ၅ ချက်ကို
ယေဘုယျအခြေခံ နေတယ်ဆိုတာတွေ့ရှိခဲ့ကြတယ်။
၁-ပတ်ဝန်းကျင်နှင့်ဆိုင်သော အကဲဖြတ်မှု(environmental assessment)
ပွင့်လင်းမြင်သာသော လေ့လာမှုစံနစ်ဖြင့် အဖွဲ့အစည်းအတွင်း ( ၀န်ထမ်းများ)
နှင့် အဖွဲ့အစည်းအပြင်ဖက်( ပြိုင်ဖက်) များကိုပါ စဉ်ဆက်မပျက်
စောင့်ကြည့်ဂရုပြုနိုင်ရပါမယ် ။
၂-၀န်ထမ်းများကို အဖွဲ့အစည်း၏ ရပိုင်ခွင့် ( assets ) များ
ပေးရန်ရှိတာဝန်များ ( liabilities) များအဖြစ်မြင်မှတ်ခြင်း
ဝန်ထမ်းများကို ၄င်းတို့ဟာ အဖွဲ့အစည်းပိုင်အဖိုးတန်ပစ္စည်းများ နှင့်
၎င်းတို့ဟာ အဖွဲ့အစည်းရဲ့ သစ္စာစောင့်သိမှုကို လက်ခံရရှိနေ ကြောင်း
ခံစားသိရှိစေရပါမယ်။
၃-နည်းဗျူဟာပြောင်းလဲခြင်း(strategic
change)နှင့်လုပ်ငန်းဆောင်ရွက်မှုအပိုင်း(operational change) အကြား
ဆက်စပ်မှု ရှိခြင်း
ရည်ရွယ်ချက်တွေကို အချိန်နှင့်တစ်ပြေးညီအကောင် အထည်ဖော်ရာမှာနဲ့
ပုံစံပြောင်းဆောင်ရွက်ရာ မှာပဲဖြစ်ဖြစ် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ချက် (
Operational Activities ) တွေကို လည်ပတ်ဆောင်ရွက်နေခြင်းဟာ
ဗျူဟာမြောက်ပြောင်းလဲခြင်းကို ကောင်းမွန် စွာဆောင်ရွက်နိုင်ပါလိမ့်မယ်။
၎-ပြောင်းလဲမှုကို ဦးဆောင်ခြင်း
တတ်သိကျွမ်းကျင်ပြီး အတွေ့အကြုံရှိသူတို့၏ ဦးဆောင်ခြင်း၊
လုပ်ဆောင်ချက်တိုင်းမှာပူးပေါင်းဆောင်ရွက်ခြင်း၊ပြောင်းလဲမှုအတွက်
သင့်တော်တဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်ခြင်း၊စသည် တို့ဖြင့်
အဖွဲ့အစည်းကို ရှေ့ သို့ ဦးတည်ခရီးဆက်စေရပါမယ်။
၅-အခြေအနေအရပ်ရပ် လိုက်လျောညီထွေမှုရှိခြင်း ( သဟဇာတဖြစ်ခြင်း)
ဗျူဟာမြောက်ပြောင်းလဲခြင်းဟာ တည်ငြိမ်ရမယ်( ပန်းတိုင်ရှင်းလင်းရမယ် )၊
ပတ်ဝန်းကျင်နှင့်လည်း သဟဇာတ ဖြစ်ရမယ်၊ အဖွဲ့အစည်း အပေါ်ကိုလည်း
ပြိုင်ဖက်အကျိုးအမြတ်နဲ့ အကျိုးအမြတ်ရ ရာရကြောင်းကိုလည်း ပေးနိုင်ရမယ်။
လို့ဆိုပါတယ်။

No comments:
Post a Comment